Burmese: Burning/Bonfire Permits

A graphic of a burning bonfire that reads, "Rules for burning. City of Battle Creek."

ဘက်တဲလ်ခရိမြို့တော်၊ မစ်ရှီဂန် — ဘက်တဲလ်ခရိမြို့တော်သည် မီးရှို့ခြင်းနှင့်သက်ဆိုင်သည့် စည်းမျဥ်းများ၊ ၎င်းတို့နှင့် ဆိုင်ရာ ပါမစ်များနှင့်ပါတ်သတ်ပြီး မြို့တော်၏ ပြဌာန်းချက်စည်းမျဥ်း၊ ပြည်နယ် ဥပဒေ နှင့် နိုင်ငံတကာ မီးဘေး ကုဒ်သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန်အတွက် ရှင်းလင်းပြောကြားခြင်းနှင့် နောက်ဆုံးအခြေအနေကို အသိပေးခြင်း ပြုလုပ်ရန် ဖြစ်ပါသည်။

ဘက်တဲလ်ခရိမြို့တော်သတ်မှတ်နေရာအတွင်း နေထိုင်ကြသူ အိမ်နီးချင်းအပေါင်းတို့အနေဖြင့် ကျွန်ုပ်တို့သတ်မှတ်ထားသည့် စည်းမျဥ်းများအပေါ် အခြေခံသည့် အပျော်တမ်း မီးရှို့ခြင်းနှင့် မီးပုံပွဲပြုလုပ်ကြခြင်းကို ခွင့်ပြုထားသဖြင့် လုပ်ဆောင်နိုင်ပါသည် (ဤနေရာတွင် အကျဥ်းချုံးဖော်ပြထားသလို မြို့တော် ပြဌာန်းချက်စည်းမျဥ်းများ၊ အခန်း ၁၆၁၀ တွင်လည်း တွေ့ရှိနိုင်ပါသည်)။ အခြားသော ဟင်းလင်းပြင် မီးရှို့ခြင်းကို ခွင့်ပြုထားခြင်း မရှိပါ။

• အပျော်တမ်းမီးရှို့ခြင်း အတွက် ပါမစ်ရှိရန် မလိုအပ်ပါ။ အပျော်တမ်းမီးရှို့ခြင်းသည် အမြင့် နှစ်ပေခန့် နှင့် မီး၏အချင်းရပ်၀န်း ပမာဏ သုံးပေခန့် အထိ ရှိနိုင်သည်။ အဆောက်အဦး သို့မဟုတ် မီးကူးစက်လောင်ကျွမ်းနိုင်သည့် မည်သည့်အရာမှဖြစ်စေ အကွာအ၀ေး အနည်းဆုံး ၁၅ ပေရှိရမည်။ ဆောက်လုပ်ရေးပစ္စည်းများ၊ စက္ကူ၊ အိမ်သုံးအမှိုက်၊ သစ်ရွက် သို့မဟုတ် မြက်ရိတ် ထားသည့် အပိုင်းအစများကို မီးမရှို့ရပါ။

ဘက်တဲလ်ခရိမြို့တော်သတ်မှတ်နေရာအတွင်း၌ သစ်ရွက်နှင့် မြက်ခင်းရိတ်အပြီး အပိုင်းအစများကို မီးရှို့ခြင်း မပြုလုပ်ရပါ။

• မီးပုံပွဲများ သည် ပိုမိုကြီးမားသည့် အပျော်တမ်းမီးရှို့ခြင်းများဖြစ်ပြီး မိမိ မီးရှို့မည်ဟု စီစဥ်ထားသည့် အတိအကျ နေ့ရက်အတွက် ပါမစ်ရယူထားရပါသည်။ မြို့တော်စာရေးရုံး 10 N. Division St., တွင် မနက် ၈ နာရီ- ညနေ ၅ နာရီ၊ ရုံးဖွင့်ရက်များ၌ အခကြေး $၂၅ ဖြင့် လာရောက်ယူနိုင်သည်၊

• မီးပုံပွဲများသည် အမြင့် သုံးပေနှင့် မီး၏ အချင်းရပ်၀န်း ပမာဏ ရှစ်ပေ အထိ ရှိနိုင်ပါသည်။ အဆောက်အဦး၊ မီးကူးစက်လောင် ကျွမ်းနိုင်မည့် မည်သည့်အရာမဆို၊ နှင့် အများပြည်သူသွားလာမည့် လမ်းကြောင်းများမှ အကွာအ၀ေး ပေ ၅၀ ခန့် ၀ေးရပါမည်။ ရာဘာ၊ ပလတ်စတစ်၊ အမှိုက်၊ ဓာတ်ဆီပစ္စည်း သို့မဟုတ် သုတ်ဆေးပစ္စည်းများ မီးရှို့ခြင်း မပြုလုပ်ရပါ။

ဘက်တဲလ်ခရိမြို့တော်အတွင်း မီးရှို့ခြင်းနှင့်စပ်လျင်းသည့် အခြား မှတ်စုများမှာ -

• အိမ်နီးချင်းများသည် သယ်ရလွယ်ကူသော အပြင် မီးရှို့ရန်နေရာများနှင့် မီးပုံကျင်းများ အသုံးပြုနိုင်သည်။ ၎င်းတို့သည် အဆောက်အဦးနှင့် မီးကူးစက်လောင်ကျွမ်းစေသည့် မည်သည့်အရာနှင့်ဖြစ်စေ အကွာအ၀ေး အနည်းဆုံး ၁၅ ပေခန့် ရှိရပါသည်။

• အိမ်နီးချင်းများသည် အပြင်သုံးအကင်စက်များ အသုံးပြုနိုင်ပါသည်။ ၎င်းတို့ကို လသာဆောင်အပြင်ဘက်နေရာတွင် အသုံးပြုခွင့် မရှိပါ၊ ထို့အပြင် မီးကူးစက်လောင်ကျွမ်းနိုင်သည့် အဆောက်အအုံ၊ အလှဆင်မွမ်းမံခြင်းများနှင့် ပရိဘောဂများမှ အနည်းဆုံး ၁၀ ပေခန့် အကွာတွင် ပြုလုပ်ရပါမည်။

• မီးလောင်နေစဥ်အချိန်၌ သင်သည် မီးနားတွင် အမြဲနေရပါမည်။ မီးသတ်ဆေးဗူး သို့မဟုတ် ရေဖြန်းရန် ပင်မနေရာတစ်ခုခု အနီးနားတွင် ရှိထားရပါမည်။

• အိမ်နီးချင်းများသည် မီးပုံပွဲပါမစ် တရား၀င်ရှိထားသည့်တိုင် ဘက်တဲလ်ခရိမီးသတ်ဌာနမှ တောင်းဆိုလာပါက မီးရှို့ထားသည့် မည်သည့်အရာမဆို မီးငြိမ်းသတ်ပေးရမည် ဖြစ်ပါသည်။ ဤကဲ့သို့ပြုလုပ်ရန် ပျက်ကွက်ခဲ့ပါက ဒဏ်ကြေးတပ်ခြင်း ခံရ နိုင်ပါသည်။

၂၀၂၄ ခုနှစ်တွင် မီးရှို့ပါမစ်၀ယ်ယူထားပြီး ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော မည်သူမဆို မြို့တော်မှ $၂၅ ပြန်လည် ငွေအမ်းခြင်းကို လက်ခံရရှိပါမည်။ ဆက်လက်၍ အဆိုပါ ပါမစ်များကို ထပ်မံ၍ ထုတ်ပေးတော့မည် မဟုတ်တော့ပါ။

ကျေးဇူးပြု၍ မီးရှို့ခြင်းဆိုင်ရာ မေးခွန်းများကို ဘက်တဲလ်ခရိမြို့တော် မီးသတ်ဌာန ဖုန်း ၂၆၉-၉၆၆-၃၅၁၉ သို့ခေါ်ဆိုမေးမြန်းပါ၊ ထို့အပြင် မီးပုံပွဲ ပါမစ်များဆိုင်ရာ မေးခွန်းများကို မြို့တော် ၀န်ထမ်းရုံး ဖုန်း ၂၆၉-၉၆၆-၃၃၁၁ သို့ခေါ်ဆိုမေးမြန်းပါ။