ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ချက်ချင်းထုတ်ပြန်ချက်
ထပ်မံစုံစမ်းသိရှိလိုက ဆက်သွယ်ရန် - စံသတ်မှတ်မှု မန်နေဂျာ ဂျေဆင် ဖရန်စစ်စကို ၊ ၂၆၉-၉၆၆-၃၃၁၁
မြို့တော် ဆေးသုတ်ခြင်း ပရိုဂရမ်ကို
Springfield Do-it Centere နှင့် ပူးတွဲ၍ ပြန်လည်စတင်ပါပြီ
ဘက်တဲလ်ခရိမြို့တော်၊ မီရှီဂန် — ဤနွေရာသီတွင် အိမ်အပြင်ဘက်ဆေးသုတ်ရန် summer to-do list တွင် ပရောဂျက်ပြုလုပ်ဖို့ရှိပါသလား? မြို့တော်မှ ကူညီနိုင်ပါသည် – ကုန်ကျစရိတ်-အခမဲ့ အိမ်သုတ်ဆေး ပရိုဂရမ် ပြန်လာပါပြီ!
ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်လိုက်နာမှု ဌာနခွဲသည် Springfield Do-it Center နှင့် ၀မ်းသာစွာလက်တွဲ၍ မြို့တော် အိမ်ပိုင်ဆိုင်သူများအတွက် မိမိတို့၏ အိမ်အပြင်ဘက်ဆိုင်ရာ ပရောဂျက်များ ပြီးမြောက်နိုင်ရန် - ရွေးချယ်စရာ အရောင် ၆ ရောင် - ရှိသည့် အိမ်သုတ်ဆေးများ ၁၀ ဂါလံအထိ ပေးကမ်းနိုင်မည် ဖြစ်ပါသည်။ ၀င်ငွေပြရမည့် လိုအပ်ချက် မရှိပါ။
ပရိုဂရမ်သည် ညွှန်ကြားချက်များနှင့် ကိုက်ညီသော ရပ်ရွာအိမ်နီးချင်းများအတွက် ဦးရာလူစနစ်ဖြင့် ရယူနိုင်ကြပါသည်။ မိမိတို့မှ အိမ်သုတ်ဆေးထောက်ပံ့ပါမည်၊ လက်ခံရရှိသူမှ ကျန်ရှိသည့် အစိတ်အပိုင်းများနှင့် ကုန်ကျစရိတ်တို့ ကျခံရပါမည်။ မြို့တော်မှ ဆေးသုတ်မည့် ၀န်ဆောင်မှုများ ပေးမည်မဟုတ်ပါ။
လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်
- ဘက်တဲလ်ခရိမြို့တော်အတွင်း အိမ်ပိုင်ဆိုင်ပြီး ကိုယ်တိုင် နေထိုင်သူ ဖြစ်ရပါမည်
- ပရိုဂရမ်လျှောက်လွှာကို ပြီးမြောက်အောင် ဖြည့်စွက်ပါ – အင်တာနက်စာမျက်နှာ battlecreekmi.gov/code ၌ Paint Program အောက်တွင် ၀င်ရောက်ကြည့်ရှု၍ ဖြစ်စေ မြို့တော်ခန်းမ အခန်း ၁၁၇ ၌ မနက် ၈ နာရီ - ညနေ ၅ နာရီ၊ တင်္နလာနေ့မှ သောကြာနေ့ အတွင်း လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ ရယူနိုင်ပါသည်
- ပရိုဂရမ်တွင် တစ်စိတ်တစ်ပိုင်းပါ၀င်မည့် မိမိဆေးသုတ်မည့် ဧရိယာများ၏ ဓာတ်ပုံများ ပေးပို့ရပါမည် – အိမ်အပြင်ဘက် ပရောဂျက်သီးသန့်
- ပရောဂျက်ပြီးဆုံးလျှင် စံသတ်မှတ်ချက်၀န်ထမ်း ဖုန်း ၂၆၉-၉၆၆-၃၃၁၁ သို့ ခေါ်ဆိုကာ လုပ်ဆောင်မှုအား စစ်ဆေးရန် ရက်ချိန်းပြုလုပ်ပါ
သင်၏လျှောက်လွှာအား ခွင့်ပြုချက်ကျလျှင် Springfield Do-it Center 1583 W. Dickman Road သို့သွားရောက်၍ အိမ်သုတ်ဆေး လာယူရန် ဘောင်ချာထုတ်ပေးပါမည်။ ရွေးချယ်နိုင်သည့် အရောင် ၆ ရောင်ရှိပြီး တစ်ရောင်ရွေးရပါမည်– Façade, Simply White, Zinc, Sea Hazel, Sandalwood, သို့မဟုတ် Titanium (ပူးတွဲပါရှိသည့် ပုံတွင်ကြည့်ပါ).
ဘောင်ချာထုတ်ပေးပြီး ရက်ပေါင်း ၆၀ အတွင်း သင်၏ အိမ်သုတ်ဆေး ပရောဂျက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရပါမည်။